မောင်တော ပွင့်ဖြူချောင်းအုပ်စု ဇင်ပိုင်ညာရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပိတ်ဆို့ စစ်ဆေး
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ပွင့်ဖြူချောင်းကျေးရွာအုပ်စု၊ ဇင်ပိုင်ညာရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) နှင့် မ.က.ဖ တို့က ပူးပေါင်း၍ ဝန်းရံ ပိတ်ဆို့ စစ်ဆေးခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၅) တွင် အခြေစိုက်ထားသည့် တပ်ရင်း ၅၃၅ မှ စစ်သား အင်အား ၂၀၀ ခန့်နှင့် ကြက်ရိုးပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲနှင့် မ.က.ဖ အင်အား ၅၀ ခန့်တို့သည် ဧပြီလ (၂၁) ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ပွင့်ဖြူချောင်းကျေးရွာအုပ်စု၊ ဇင်ပိုင်ညာရွာသို့ ရောက်ရှိလာပြီး စစ်သားများက ဝန်းရံထားခဲ့သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များက ရွာသားများ အားလုံးကို စာသင်ကျောင်းသို့ ခေါ်ဆောင်သွားပြီး အိမ်ထောင်စု လူဦးရေစာရင်းအတိုင်း မိသားစုတစ်စုချင်းစီကို ခေါ်၍ တစ်ဦးချင်းစီ စစ်ဆေးပြီး နေ့လည် ၂ နာရီ အချိန်တွင် ရွာသားများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဇင်ပိုင်ညာရွာကို ဝန်းရံပိတ်ဆို့ထားခဲ့သည့် စစ်သားများသည် ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းတွင် ပွင့်ဖြူချောင်း ကျေးရွာအုပ်စုသို့ ရောက်ရှိလာခဲံပြီး၊ နောက်နေ့ နံနက်ပိုင်းထိ နေခဲ့သည်ဟု ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ